Monday, August 11, 2014

အပူကြီးသူများ အပူကျ သက်သာစေဖို့ဆေးနည်း

အပူကြီးသူများ အပူကျ သက်သာစေဖို့ဆေးနည်း

ဖျားပြီး အပူကြီးနေသူများ .....
ဆေးနည်းမှာ.........
ဥသျှစ်သီးအမှည့် အခွံကို သနပ်ခါးနှင့် ရောသွေးပါ။
အပူကြီးသူကို နှစ်နာရီတစ်ကြိမ် တိုက်ပေးပါ။
အပူကျသွားပါက ဆက်တိုက်ရန် မလိုပါ။
အပူကြီးသည် အနည်းအများအလိုက် တစ်ခါ နှစ်ခါ တိုက်ရုံဖြင့် အပူကျပြီး အဖျားရောဂါ သက်သာ
ပျောက်ကင်းစေပါသည်။

မှတ်ချက်။ ။တစ်ခါတိုက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းမျှ ဖြစ်ပါသည်။

ကျန်းမာကြပါစေ


ကင်းဆိပ်နိုင်ဆေး

ကင်းဆိပ်နိုင်ဆေး

ကဆော့မြစ်ကို ဖြစ်စေ ၊ ကြောင်ပန်းမြစ်ကို ဖြစ်စေ ၊ သမန်းမြက်, ဖောင်းမြက် ကို မြစ်ဖြစ်စေ ညက်စွာ ဝါး၍ အကိုက် ခံရသည်နေရာမှာ သုတ်လိမ်းပါ ကင်းဆိပ်မျိုးကို ပယ်ဖျောက်၏။



ကြွက်နို့ဆေးနည်း

ကြွက်နို့ဆေးနည်း

စိန် ၊ ကနခို ၊ ရှားစောင်းစေး အမျှကြိတ်၍ ကြွက်နို့ထိပ်ဖောက်ပြီးတင်ပါ။



ချောင်းဆိုးသွေးပါဆေးနည်း

ချောင်းဆိုးသွေးပါဆေးနည်း

သဇင်ဥ ၊
ကွမ်းရွက်​ ၈ပဲ၊
မှန်ရောင်သကြား၂ကျပ်သား ၊
ကြေအောင် ကြိတ်၍ ညနံနက် ဆီးကင်းခန့် စားပါ။


ခြေဖဝါးကွဲ ဆေးနည်း

ခြေဖဝါးကွဲ ဆေးနည်း

ကွမ်းတစ်ယာကို ပုန်းရည်နှင့် ကြိတ်၍ လိမ်းပါ။



ပန်းနာဆေးနည်း

ပန်းနာဆေးနည်း

လေညှင်း၂ကျပ်၈ပဲ၊
ကရဝေးရွက်၂ကျပ်၈ပဲ၊ အမှုန့်ပြု ၍ ပျားရည်နှင့် နံနက်ည ဆီးကင်းခန့်စားပါ။



မွေးကျွတ်နာပျောက်ဆေးနည်း

မွေးကျွတ်နာပျောက်ဆေးနည်း

ဆင်စွယ် ၊ ရသာစဉ်းကျောက်နှစ်ပါးသွေး၍ လိမ်းပါ။



မျက်စိယား ဆေးနည်း

မျက်စိယား ဆေးနည်း

မယားသိမ် ၊ ငုစပ်ခေါက် ၊ ကျောက်ချဉ် တို့ကို ပုန်းရည်နှင့်အမျှစီ သွေး၍ ခတ်ပါ။

မှတ်ခရု ဆေးနည်း

မှတ်ခရု ဆေးနည်း

သျှိသျှားသီး မီးဖုတ်ပြာကို ဆီနှင့်ဖျော်၍ ပွတ်ပါ။
တစ်နည်း...လင်းနေ ၊ ကြဇု ၊ ပန်းနု အမျှစီကြိတ်၍ ပျားရည်နှင့် တိုက်ပါ။



အနာပဆုတ်ဆေးနည်း

အနာပဆုတ်ဆေးနည်း

(၁) ပိန္နဲပေါက် ၊ ကြာဟင်းခါးရွက်ကို ကြိတ်မှန်ဆီရောပြီ ဖွဲမီးနှင့်ချက်၍ အနာကို သုတ်လိမ်းပေးပါ။
(၂) ဆီးဖြူသီးကို ကြိတ်၍အုံပေးပါ။



အနာဖက်ခွက် ဆေးနည်း

အနာဖက်ခွက် ဆေးနည်း

(၁) တမာရွက်တစ်ဆုပ်ကို ပတဲကောကြီးအရည် အနည်းငယ် ထည့်၍ ပြာချပြီး ဒုတ္ထာ တစ်ပြားသားခန့်ထည့်ကာ ရေနံချေးနှင့် ဖျော်ပြီလိမ်းပါ။

(၂) ပိတ်ချင်းတပင်တိုင်မြစ်ကို သွေး၍လိမ်းပါ။

(၃)ရှားဖြူသီးကို သဘောင်္ကြက်ဆူစေးနှင့် သွေး၍ လိမ်းပါ။ (အဆင်ပြေသောနည်းသုံးနိုင်ပါသည်။)



အနာမီးဆေးနည်း

အနာမီးဆေးနည်း

ရုန်းခေါက် ၊ဆူးချဉ်မြစ် ၊ ဆီးမြစ်တို့ကို အနာပေါ်တွင်လိမ်းပြီး ရှားစောင်းလက်ပတ်အစေးကို အနာပေါ်တင်ပါ။



အနာမြစ်ဖြတ် ဆေးနည်း

အနာမြစ်ဖြတ် ဆေးနည်း

ပဒိုင်းသီး
လေးညှင်း
ဇာတိပ္ဖိုလ်သီး
လက်​ချာ
အမျှစီအမှုန့်ပြု၍ နှမ်းဆီနှင့် တေပြီး အနာမှာ အုံပါ။ အနာမြုံရှိက အမြစ်ကျွတ်ထွက်၏။



အနာဝင်ဆေးနည်း

အနာဝင်ဆေးနည်း

(၁) ခုံညင်းဆံကို မီးဖုတ်၍ ဆားခတ်ပြီးလျှင် ရေအေးနှင့်သောက်ပါ။
(သို့မဟုတ်)
(၂) အုန်းရည်အတွင်း ငရုတ်ကောင်း အနည်းငယ်ထည့်၍ သောက်ပါ။



ငှက်ဖျားဖြတ်ဆေး

ငှက်ဖျားဖြတ်ဆေး

လက်ဖက်စို (၅)ကျပ်သား၊ ငရုတ်ကောင်းစေ့(၄၅)စေ့ တို့ကိုညက်အောင်ထောင်းပြီး ငရုတ်ကောင်းခန့် (၄၅)လုံး လုံးပါ။ နံနက်/ည (၃)လုံးစီသောက်ပါ။ (၇)ရက်နှင့်တစ်နံနက်သောက်ပါ။ ငှက်ဖျားမျိုးစုံ ပျောက်၏။



ဆီးချိုရောဂါ

ဆီးချိုရောဂါ

ဥသျှစ်ရွက်ကြမ်း လက်တစ်ဆုပ်နှင့် ထန်းလျက်(၃)ကျပ်သား ရော၍ သုံးခွက်တစ်ခွက် ကျိုးသောက်ပါ။ ရက်ပိုင်း အတွင်းပျောက်၏။


နားကိုက်နားပြည်ယို

နားကိုက်နားပြည်ယို 

ငွေပန်းဥကို မီးကင်၍အရည်ညစ်ပါ။ ရလာသောအရည်ကို ကျောက်ချဉ်နှင့်သွေး၍ နားထဲထည့်ပါ။ လျှင်မြန်စွာ ပျောက်ကင်းစေပါသည်။



နားကိုက်

နားကိုက်

{မီးကွင်းဂမုန်း}

မီးကွင်းဂမုန်းကို မီးကင်ပြီး အရည်ညစ်၍ နားထဲထည့်ပါ။ ခဏကြာလျှင် စောင်း၍ ပြန်ထုတ်ပါ။ နာရီပိုင်းအတွင်း ပျောက်ကင်းပါသည်။


ကြွက်နို့ပျောက်ဆေး

ကြွက်နို့ပျောက်ဆေး

ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိုလှီးထားသောနေရာအား ထုံးဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာ ဖြည်းဖြည်း ချင်း ပွတ်ပေးပါ။ ကြွက်နို့က တဖြည်းဖြည်းပါးသွားပါမည်။


ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်

ကျန်းမာရေးနှင့် မညီညွတ်သည့် အချက် ၈ချက်

န်းမာရေးနဲ့ မညီညွတ်တဲ့ အမူအကျင့်တွေ အနည်းဆုံး တစ်ခု၊ နှစ်ခုလောက်တော့ သင့်မှာ ရှိနေနိုင်ပါတယ်။ သင်သတိမထား မိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ဒီလို အမူအကျင့်တွေ ရှိနေရင်တော့ ဒီနေ့ကစပြီး ပြင်ဆင် လိုက်ပါ။


ခြေထောက်ချိတ်ထိုင်ခြင်း
ခြေထောက်နှစ်ချောင်းယှက်ပြီးထိုင်တာ စတိုင်ကျလှပပေမယ့် သင့်ကျန်းမာရေးအတွက် မသင့်တော်ပါဘူး။ ခြေထောက်သွေးလှည့်ပတ်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ခြေထောက် သွေးကြောထုံးခြင်း (Varicose Vein) ကို ဖြစ်စေနိုင်ပါတယ်။ ဒူးအထက်ကနေ ခြေထောက်ကိုချိတ်ပြီး ထိုင်မယ်ဆိုရင်တော့ သွေးကြောတွေရဲ့ သွေးစီး ဆင်းမှုကို ပိုအဟန့်အတား ဖြစ်စေပါတယ်။ အကောင်းဆုံးကတော့ သင့်ခြေထောက် နှစ်ချောင်းကို ကြမ်းပေါ် တစ်ပြေးတည်း ချထားတာဟာ သင့်ခန္ဓာကိုယ် အလေးချိန်ကို ညီညီမျှမျှ ထိန်းထားပြီးသား ဖြစ်စေပါတယ်။

သွားပွတ်တံမလဲဘဲ ဆက်သုံးနေခြင်း
သွားပွတ်တံတစ်ချောင်းကို ကြာရှည်သုံးစွဲတာ မကောင်းပါဘူး။ သုံးလကို တစ်ချောင်းလဲ သုံးပေးပါ။ ပျက်စီး သွား တဲ့ သွားပွတ်တံရဲ့အမျှင်လေးတွေက သင့်သွားရဲ့ကြွေလွှာနဲ့ သွားဖုံးကို ပျက်စီးစေတာကြောင့်ပါ။ သွားဖုံးနဲ့ ပတ်သက်တဲ့ ရောဂါတစ်ခုခု ဖြစ်ပွား နေချိန် မှာ အချိန်တစ်လ-တစ်လခွဲလောက်ကြာတိုင်း သွားပွတ်တံ တစ် ချောင်း လဲသုံးပေးပါ။ သင့်သွားပွတ်တံ အချောင်းတွေထဲမှာ ဘက်တီးရီးယားပိုးတွေ ရှင်သန်ခိုအောင်း နိုင်တာ ကြောင့်ပါ။ သွားဖုံးရောဂါက ကောင်းသွားတာနဲ့ သွားပွတ်တံ အသစ် တစ်ချောင်း လဲသုံးဖို့နဲ့ သွားတိုက်ပြီးတဲ့ အခါတိုင်း သွားပွတ်တံကို ရေနွေးနဲ့ဆေးကြောဖို့ မမေ့ပါနဲ့။

မကြာခဏ အပြင်ထွက်စားခြင်း
စားသောက်ဆိုင် အများစုဟာ လာရောက်စားသုံးသူတွေ ခံတွင်းတွေ့အောင် စီမံချက် ပြုတ်တတ်ကြပါတယ်။ အဲဒီလို ချက်ပြုတ်တဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဟင်းခတ်မှုန့်တွေ ပမာဏများများ ထည့်သွင်းချက်ပြုတ်ပြီး စားသုံး သူတွေကို ဆွဲဆောင်တတ် ပါတယ်။ တချို့စားသောက်ဆိုင် တွေမှာတော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစား အစာကို ရွေးချယ်စားသောက်လို့ ရနိုင်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာကို မရွေးချယ် တတ်ခဲ့ရင် အိမ်မှာ ချက်ပြုတ်စားတာက သင့်ကျန်းမာရေးအတွက် အသင့်တော်ဆုံးပါ။

မနက်စာ မစားဘဲနေခြင်း
မနက်စာက သင့်တစ်နေ့တာ အတွက် အကောင်းဆုံး လိုအပ်ချက်ပါ။ သင်စားလိုက်တဲ့ မနက်စာကရတဲ့ ကယ်လိုရီကို သင့်ခန္ဓာကိုယ်က တစ်နေ့တာ အသုံးပြုမယ့် စွမ်းအင်တွေရအောင် ဖြိုခွဲပေးပါတယ်။ ဒါကြောင့် အစားအစာနဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နေသူတွေ အနေနဲ့ မနက်စာမစားဘဲ နေတာမျိုး မလုပ်သင့်ပါဘူး။

ဒေါက်မြင့်ဖိနပ် စီးခြင်း
သေးသွယ်တဲ့ ဒေါက်မြင့်ဖိနပ် လှလှလေးတွေက သင့်ရဲ့ ကိုယ်နေဟန်ထားကို လှပစေပေမယ့် သင့်ခါးအတွက် အန္တရာယ်ရှိပါတယ်။ လမ်းများများ လျှောက်ရတဲ့နေ့တွေနဲ့ သင့်အလုပ်များတဲ့ နေ့တွေမှာတော့ ဒေါက်မြင့်ဖိနပ် စီးတာ မသင့်တော်ပါဘူး။ ဒေါက်မြင့်ဖိနပ်လေး စီးပြီး ပွဲတတ်တာမျိုးလောက်ကတော့ သင့်ခါးကို မထိခိုက်စေနိုင်ပါဘူး။

ဆိုဖာပေါ်မှာ အိပ်ခြင်း
ကြမ်းပြင်ပေါ်မှာ အိပ်မယ့်အစားမွေ့ရာနဲ့ ခုတင်ပေါ်မှာအိပ်ပေးပါ။ တကယ်လို့ သင့်မှာ စပရင်ခုတင် အဟောင်းကြီးရှိနှင့်ပြီး၊ အသစ်မဝယ်ချင်သေးဘူး ဆိုရင်တော့ ခုတင်ပေါ်မှာ အထပ်သား သစ်သားပြားခံပါ။ သစ်သားပြားပေါ်မှာ မွေ့ရာထပ်တင်အိပ်ပါ။ မွေ့ရာက ဟောင်းနွမ်းပြီး ပြားကပ်နေရင်တော့ မအိပ်သင့်ပါဘူး။ အသစ်လဲပေးပါ။ ဆိုဖာခုံတွေပေါ်မှာလည်း အချိန်ကြာကြာ ထိုင်မနေသင့်ပါဘူး။


လူအများစုက ခေါင်းအုံးထူထူတွေနဲ့ အိပ်တာကို နှစ်သက်ကြပါတယ်။ သင်ရဲ့ လည်ပင်း၊ ခါးနဲ့ ကိုယ်နေဟန်ထားတွေအတွက် မသင့်တော်ပါဘူး။ သင်အိပ်စက် အနားယူဖို့ တကယ်လိုအပ်တာက မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးပါ။ အဲဒီခေါင်းအုံးက အသုံးပြုတာများလို့ မှို့တွေပိပြားပြီး နဂိုခေါင်းအုံး ပုံသဏ္ဌာန် မဟုတ်တော့ဘဲ ပြောင်းသွားရင် မသုံးသင့်တော့ပါဘူး။ အသစ်တစ်လုံးလဲပေးပါ။ သင်ဟာ မှောက်အိပ်တတ်သူဖြစ်ရင်တော့ ခေါင်းအုံးပါးပါးတစ်လုံးနဲ့ အိပ်ပေးပါ။ ပက်လက် အနေအထားနဲ့ အိပ်တတ်တဲ့လူ ဖြစ်ရင်တော့ မထူမပါး အနေတော် ခေါင်းအုံးတစ်လုံးနဲ့ အိပ်ပေးပါ။ ဒါမှ သင့်လည်ပင်းအတွက် အထောက်အကူ ဖြစ်စေမှာပါ။


လေ့ကျင့်ခန်းလုပ်တာ ကောင်းတယ်လို့ သိထားပေမယ့် သင်တကယ် လုပ်ဖြစ်ပါရဲ့လား။ ရောဂါဖြစ်လာမယ့် အချိန်ကိုစောင့်မနေပါနဲ့။ သင်ရဲ့ အမူအကျင့်တွေကို ဒီနေ့ပဲ စတင်ပြောင်းလဲလိုက်ပါ။ မာရသွန်ပြေးရလောက်အောင် မလိုအပ်ပါဘူး။ တစ်နေ့ကို နာရီဝက်နဲ့ တစ်ပတ်ကို၃-၄ ရက်လောက် လမ်းလျှောက်ပေးပါ။ အကျင့်ရလာတဲ့အခါ တစ်နေ့ကို မိနစ်၎ဝ လောက်နဲ့ တစ်ပတ် ၄ ရက်လောက် အချိန်ထပ်တိုးပြီး လေ့ကျင့်ပေးပါ။


ချောင်းဆိုး (တီဘီ)ရောဂါ

ချောင်းဆိုး (တီဘီ)ရောဂါ

ချောင်းဆိုးလို စိတ်မညစ်နဲ့တော့........

ဆေးနည်း....
     တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို
ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်
သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။

အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။
အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။

ကျန်းမာကြပါစေ.......


မအိုသေးတဲ့သူ အပျိုလေးနဲ့တူ့

မအိုသေးတဲ့သူ အပျိုလေးနဲ့တူ့

မြန်မာ အမျိုးသမီးများသည် ကမ္ဘာတွင် အလှဆုံးအတန်းအစားတွင် ပါဝင်ပါသည်။

  အသား၏ ညက်ညောခြင်း၊ မျက်လုံး မျက်ဖန်ကောင်းခြင်း၊ နှာတံနှင့် ပါးစပ်လှပခြင်း၊

အရပ်မောင်းနှင့် ကိုယ်လုံးကိုယ်ပေါက် အချိုးကျခြင်း၊ ဆံပင်ကောင်းခြင်း၊ သွားများ ညီညာ

ခြင်းတို့ကြောင့် ဖြစ်ပါသည်။

နိုင်ငံခြားသူများကဲ့သို့  ချိုင်းချွေးနံ မပြင်းခြင်းသည်လည်း အကြောင်းတစ်ရပ် ဖြစ်သည်။

အပျိုဘဝတွင် ဤမျှလှပသော မြန်မာလုံမေများသည်။ မိခင်ဘဝရောက်၍ များစွာ အိုစာ

သွားခြင်းသည် အလွန်ကြီးမားသော အားနည်းချက်ဖြစ်နေပါသည်။

     

 အထူးသဖြင့် ဗိုက်ခေါက်ထူလာခြင်း၊ ဗိုက်သားများ ချပ်ချပ်ရပ်ရပ် မရှိဘဲ  ပျော့ရိပျော့တွဲနှင့်

ဗိုက်ကြောများ အထပ်ထပ်ပြတ်ကာ အရုပ်ဆိုးလာခြင်းများ ဖြစ်လာရပါသည်။

ရှေးက နနွင်းလိမ်ခြင်း၊ကြပ်ထုပ်ထိုးခြင်း၊အုတ်ပူကပ်ခြင်း များပြု၍ ချပ်ချပ်ရပ်ရပ်နှင့် လှပခဲ့ကြသော်လည်း ကိုလိုနီခေတ် နောက်ပိုင်းတွင် ထိုလုပ်ရပ်များသည် 

အပိုအလုပ်များဟု ယူဆကာ ပစ်ပယ်လာခဲ့ကြလေသည်။

တချို့မှာ သားသမီးအများကြီးမွေး၍ ပုံပျက် သွားရခြင်း ဖြစ်သော်လည်း အချို့မှာ ကလေးတစ်ယောက် နှစ်ယောက်လောက်မွေးရုံနဲ့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရလေသည်။

သာမန်အမျိုးသမီးများကို မဆိုထားဘိ။ အလှအပနှင့် စီးပွားရေးရာအခြေပြုရသော ရုပ်ရှင်မင်းသမီး၊ဇာတ်မင်းသမီးများကိုကြည့်ပါဦး။

တစ်ချိန်က အလှအပထိပ်ခေါင်အဖြစ် နာမည်ကြီးမင်းသမီးများ ယနေ့ ဗီဒီယိုခေတ်တွင် ဗိုက်ပူကြီးများဖြင့် မိခင်ခန်းများတွင် သရုပ်ဆောင်နေရသည်ကို တွေ့မြင့်ရပေမည်။

စင်စစ်ထိုမင်းသမီးများသည် ရုပ်မကျကြသေးပါ။မျက်နှာလေးများ လှပနေဆဲဖြစ်သော်လည်း ဗိုက်ရွဲ၊ဗိုက်ပူ၊ခါးတုတ်ကြီးများဖြစ်သွားခြင်းကြောင့် မိခင်ခန်းသို့ ကူးပြောင်းသရုပ်ဆောင်

နေခြင်းဟု သဘောရပါသည်။

မြန်မာမိခင်များအနေဖြင့် အနောက်တိုင်းကလို အချိန်ပေးပြီး အစားအသောက် ဆင်ခြင်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုရခြင်း၊အေရိုးဗစ်ကစားရခြင်း၊ တုန်လှုပ်နေသော ခါးပတ်စက်ဖြင့် အဆီလျှော့ခြင်း၊အဆီပျော်ဆေးထိုးပြီး အဆီစုပ်ထုတ်ခြင်းကို ခေတ္တမျှ လုပ်ပေးရုံနှင့် ဗိုက်သား

 ချပ်ချပ်ရပ်ရပ်နှင့် သွေးသားသန့်စင်ကာ မအိုသေးတဲ့သူ အပျိုလေးနဲ့ တူနိုင်ပါသည်။

ယခု ထိုနည်းကို ပေးမည်။

မီးဖွားပြီးစ လျော့ရဲနေသော ဝမ်းဗိုက်ကို ချပ်လာစေရန် လည်းကောင်း၊မကောင်းသော 

အညစ်အကြေးများ ကုန်စင်ပြီးသွေးသားသန့်စင်ကြည်လင်လာစေရန်လည်းကောင်း  

 ရည်ရွယ်၍ ဆေးစည်းခြင်းကို ပြုကြပါသည်။

ဆေးစီမံနည်းမှာ………..

၁။  ငရုတ်ကောင်း    ၃ ကျပ်သား

၂။ ပရုတ်မှုန့်          ၃ ပဲသား

၃။ လေးညင်း         ၅  ကျပ်သား

ယင်းဆေးသုံးပါးကို ကြိတ်၍ တောအရက်  ၁၂  ကျပ်  ရှစ်ပဲသား နှင့်  ကြိုတင်၍ စိမ်ထားပါ။

မီးဖွားပြီးနောက် ဗိုက်ကို လိမ်းစေပြီး အသင့်ချုပ်ထားသော ဗိုက်အပြည့်လုံသော အဝတ်ဖြင့်

(corset) ပတ်စည်းပေးပါက အညစ်အကြေးသန့်စင်ခြင်း၊ ဗိုက်မရွဲဘဲ ဗိုက်ချပ်ခြင်း၊ အကြော

ပြတ်မှုနည်းခြင်း၊ဗိုက်သားများတွန့်ရှုံ့မှု ပြေပျောက်ခြင်း၊ ရေဖျဉ်း၊လေဖျဉ်း စသည်တို့ မဖြစ်စေဘဲ လှလှပပ ချပ်ချပရပ်ရပ်နှင့်တစ်သားမွေးတစ်သွေးလှစေမည့် အကျိးကျေးဇူးများ

 ရမည်ဖြစ်ပါသည်။ ပျိုအလှတို့ မိမိတို့  ကိုယ်ကာယကို ထိန်းနိုင်ပါစေ။


ဒေါက်တာ အောင်နိုင်

 ဆေးသုတေသန


အသက်အရွယ် အပိုင်းအခြားအလိုက် အဖြစ်များတဲ့ ရောဂါများ

အသက်အရွယ် အပိုင်းအခြားအလိုက် အဖြစ်များတဲ့ ရောဂါများ သိရဲ့လား……


လူတစ်ဦးရဲ့ တစ်သက်တာမှာ အသက်အရွယ် အပိုင်းအခြား အလိုက် ဇီဝကမ္မ အနေ အထား၊ ပတ်ဝန်းကျင်နဲ့ဘဝနေကျင့်ပုံစံတွေဟာ ကွဲပြားခြားနားလာကြတဲ့ အလျောက် အဖြစ်လွယ်၊ အဖြစ်များတဲ့ ရောဂါချင်းလည်းမတူတတ်ကြပါ။ ဒါကို သိထားရင် စိတ်ထဲရှင်းနေတော့ ကြိုတင်ကာကွယ်နိုင်သလို ကုသမှုကိုလည်း စောစီးစွာခံယူနိုင်ပါလိမ့်မယ်။


အသက်၂၀-၃၀ အရွယ်

   

 သွေးမတည့်၊ ဓာတ်မသင့်တာ ဖြစ်လွယ်လှပါတယ်။ အကြောင်းကတော့ လူငယ်ကာလမှာ ကိုယ်ခံအား မပြတ်မြင့်တက်နေဆဲမို့ တုံ့ပြန်အား အထူးပြင်းနေ၊ ထက်နေတဲ့ အတွက်ကြောင့်ပါပဲ။


အသက် ၃၁-၄၀ အရွယ်


 အယောက် ၂၀မှာ တစ်ယောက်ဟာ ခေါင်းကိုက်တတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများ  ပိုဖြစ်တတ်တယ်။ဒီလို ခေါင်းကိုက်ဝေဒနာ ဖြစ်ရတဲ့ အကြောင်းရင်း အလွန်များပါတယ်။ 

အရက်သောက်ခြင်း၊ သနေ တားဆေးသုံးစွဲခြင်း၊အလုပ်ပင်ပန်းခြင်း၊ အလုပ်ဖီစီးမှုကြီးခြင်း စတာတွေ ကြောင့်ပါ။


အသက် ၄၁-၅၀ အရွယ်


အဖြစ်များဆုံးကတော့ နှလုံးကြွက်သား သွေးငတ်၊ သွေးပြတ်နာပါပဲ။(အထူးသဖြင့် အမျိုးသားတွေ အဖြစ်များတယ်။) အမျိုးသမီးတွေမှာတော့ သွေးဆုံးခါနီးအရွယ်ဖြစ်ရင်  သွေးဆုံးကိုင်တဲ့

 ဝေဒနာ ခံစားရတတ်ပါတယ်။ အစမှာ ခေါင်းမူးခြင်း၊ခေါင်းကိုက်ခြင်း၊အားမရှိ ချည့်နဲ့ခြင်း၊ အိပ်မပျော်ခြင်း 

၊ပျာယာခတ်ခြင်း၊စိုးရိမ်ပူပန်ခြင်း၊ထိတ်လန့် ကြောက်ရွံ့ခြင်း ၊ ကိုယ်တစ်ချက်တစ်ချက်ပူခြင်း

၊ချွေးထွက်လွယ်ခြင်း၊ကာမရာဂစိတ်ဆန္ဒလျော့ပါးခြင်း၊ ခါးကိုက်ဗိုက်နာခြင်း၊သားမြတ်တင်းခြင်း

၊ခြေလက်ထုံကျဉ်ခြင်း(သို့) ဖောရောင်ခြင်း၊ ဓမ္မတာမမှန်ခြင်း စတာတွေဖြစ်တတ်ပါတယ်။

 အသက်(၅၀) ဝန်းကျင်မှာ ပခုံးပတ်လည် ရောင်ရမ်းတာလည်း သိပ်ဖြစ်လွယ်ပါတယ်။


အသက် ၅၁-၆၀ အရွယ်


အဖြစ်အများဆုံး ရောဂါကတော့ ကင်ဆာပါပဲ။ အဓိက အကြောင်းရင်းကတော့ ကိုယ်ခံအား ဆုတ်ယုတ်ကျဆင်းလာလို့ပါ။အဓိက အကြောင်းရင်းကတော့ ကိုယ်ခံအား

 ဆုတ်ယုတ်ကျဆင်းလာလို့ပါ။ဒါအပြင် ပတ်ဝန်းကျင် ညစ်ညမ်းမှု ၊ အစားအစာညီညွတ်မျှတခြင်း

 မရှိမှု၊ ဆေးလိပ်နဲ့ အရက်သောက်သုံးမှု၊ စိတ်ချမ်းသာအောင် မနေနိုင်မှု ဒဏ်တွေ ကာလကြာရှည် ခံစားလာခဲ့ရတာနဲ့လည်း ဆက်စပ်ပတ်သက်နေတတ်ပါတယ်။


အသက် ၆၀ နှစ်အထက်


အဖြစ်အများဆုံးကတော့  အရိုးပွခြင်းပါပဲ။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်လွယ်ပါတယ်။


ရောဂါဖြစ်စ အချက်ပြလက္ခဏ


နှင့်


ရောဂါဖြစ်လာကိုယ့်ဘာသာ အမြန်အဖြေရှာ


မင်းစံအိမ်


စာအုပ်မှ ကောက်နုတ်ဖော်ပြလိုက်ပါတယ်……………..


အံ့ဖွယ်ကျောက်ချဉ်

အံ့ဖွယ်ကျောက်ချဉ်

ကျောက်ချဉ်ဟာ သဘာဝတွင်းထွက်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ သူမှာ အလူမီနီယမ်ဆာလဖိတ်နဲ့ ပိုတတတက်ဆီယမ်ဆာလဖိတ် ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။

ကျောက်ချဉ်ကို ရှေးဟောင်း အာယုဗေဒ ဆေးပညာရှင်ကြီးတွေက သီဝနတ်ဘုရားနဲ့ ခိုင်းနှိုင်း တင်စားလေ့
ရှိပါတယ်။ အဆိပ်ဟူသမျှဟာ သီဝနတ်ဘုရားရဲ့ ခန္ဓာကိုယ်ပေါ် ကျရောက်သွားတာနဲ့ တစ်ပြိုင်နက် အဆိပ်ပြေသွားကြရပါတယ်။ ကျောက်ချဉ်ဟာလည်း အဆိပ်ပြေ စေတဲ့ သတ္တိရှိတဲ့ အတွက် သီဝနတ်ဘုရား
နဲ့ ခိုင်းနှိုင်းတာ ဖြစ်ပါတယ်။

ကျောက်ချဉ်ကို အင်္ဂလိပ်လို Alum လို့ ခေါ်ပြီး သက္ကတဘာသာ အနေနဲ့ ဖစ်ကာရီိလို့ ခေါ်ပါတယ်။ ကျောက်
ချဉ်ဟာ ကိုယ်တွင်း ကိုယ်ပမှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်စွမ်းရှိပါတယ်။

မြန်မာ့တိုင်းရင်းဆေးကျမ်းတွေမှာ  ကျောက်ချဉ်သည် ဖန်သည်၊ချိုသည်၊ချဉ်သည်။ ဒေါသ၊ ဓာတ်၊ မလတို့ကို
ခန်းခြောက်စေ၍ လူကို ပိန်စေတတ်သော ဂုဏ် ရှိသည်။ အဖျားရောဂါ၊ ဝမ်းတွင်းပိုး၊ အဆိပ်တို့ကို နိုင်သည်။ အနာများကို အသားနုတက်စေသည်။  အစာကိုကြေ  စေသည်။ သည်းခြေအားနည်းသည်ကို
လည်း ပြုတတ်သည်။ များစွာသော ဆေးတို့နှင့် ရောနှောအသုံးပြုကြသည်။  သွေး၊ သည်းခြေ၊ လေ၊ သလိပ်
တို့ အပူလွန်ခြင်း၊ အူသိမ်,အူမ  တွင်  ပြည်နာဖြစ်ခြင်း ၊ သလိပ်ခြောက်ခြင်း၊ အစားမကြေခြင်း၊ လေ, သည်းခြေ,သလိပ်ဟူသော  ဒေါသသုံးပါကြောင့်ဖြစ်သော အပုပ်နာ၊ ကုတ်ဟီးချောင်းဆိုးနာ၊ ကိုယ်လက်
ကိုက်ခဲသောအနာ ၊ သွေး၊ အသားခြောက်ကပ်သောအနာ ၊ ငန်းနာ၊ အဖျားကြောင့်ဖြစ်သော နူနာ အဖျား၊
မျက်စီနာ, ဆီးအောင့်သော အနာ, သူငယ်နာ, မြင်းသရိုက်, လိပ်ခေါင်းရောဂါတို့ကို  နိုင်၏ လို့ ဆိုထားပါတယ်။

ကျောက်ချဉ်ရဲ့ ဓာတုရသာ အကျိုးသွားတွေနဲ့ ပတ်သက်လို့  တိုင်းရင်းဆေးပညာ ဦိးစီိးဌာနက ထုတ်ဝေ
တဲ့ တိုင်းရင်းဆေးဌာနသုံး ဆေးနည်းများ စာအုပ်မှာ ကျောက်ချဉ်သည် အေး၊ချဉ်၊ဖန် ရသရှိပြီး ဝမ်းချုပ်စေခြင်း၊ လေချုပ်စေချင်း၊ သွေးချုပ်စေခြင်း၊ မပုပ်မသိုးအောင် ကကွယ်နိုင်ခြင်း ၊ အနာများကို
အသားနုတက်စေခြင်း၊ ခန္ဓာကိုယ်ရှိ ဒွါရပေါက် (ဝစ္စမဂ်နဲ့ ပဿာဝမဂ် ) (ကျင်ကြီိးပေါက်၊ဆီးပေါက်)
ကို ကျုံ့စေ၊ကျဉ်းစေခြင်းစတဲ့ အကျိုးသွားရှိကြောင်း ဖော်ပြထားပါတယ်။

ထိမိခိုက်မိလို့ ဒဏ်ရာ အနာတရဖြစ်ရင်၊ အရေပြားမှာ သွေးခြေဥရင် ကျောက်ချဉ်ကို ရေသန့်သန့် နဲ့
သွေးလို့ လိမ်းပေးနိုင်ပါတယ်။ အနာ အမြန်ဆုံးကျက်ပါလိမ့်မယ်။ ဆံပင်၊မုတ်ဆိတ်ရိတ်လို့ ဓားရှမိတဲ့ အခါမှာလည်း ကျောက်ချဉ် လိမ်းပေးရပါတယ်။ ရှေးက ဆတ္တာသည်တွေ ဟာ ကျောက်ချဉ်ကို အမြဲ
တမ်း ဆောင်ထားလေ့ရှိပြီး  ကျောက်ချဉ်ပွတ်ပြီးမှ မုတ်ဆိတ်ရိတ်ပေးကြ ပါတယ်။

ဒေါက်တာအောင်နိုင်(ဆေးသုတေသန)
ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ  စာအုပ်မှ ကောင်းနုတ်ထားပါသည်။


ဆေးဖက်ဝင် ပင်စိမ်းပင်

ဆေးဖက်ဝင် ပင်စိမ်းပင်

ပင်စိမ်းပင်

ဆေးပင်အဖြစ်သာမက ဘာသာရေးစာပေတွေမှာပါ အတွေ့ရများတဲ့ အပင်တွေထဲမှာ ပင်စိမ်းပင်
ဟာ ထင်ရှားပါတယ်။ ပင်စိမ်းနဲ့ ပတ်သက်ရင် ဗုဒ္ဓစာပေ၊ဟိန္ဒူစာပေနဲ့ ခရစ်ယာန်စာပေတွေမှာ တခမ်း
တနားတွေ့ရမှာဖြစ်ပါတယ်။ 

ဗုဒ္ဓစာပေဖြစ်တဲ့ ဇာတ်တော်ကြီးဆယ်ဘွဲ့ အနက် ဝေဿန္တာရာဇာတ်ပါဠိတော်ကြီးမှာ  နီလပုမ္ဖိ သေတပါရီ၊ ကလေရုက္ခ တုလသီဟိ လို့ ပါရှိရာမှာ တုလသီ ဆိုတဲ့ ပါ   ဠိဝေါဟာရဟာ
ပင်စိမ်းပင်ကို ညွန်းပါတယ်။
ဟိန္ဒူ ဘာသာရေးကျမ်းတွေမှာတော့ ပင်စိမ်းပင် အကြောင်းကို အများကြီးတွေ့ ရပါတယ်။ပင်စိပ်းပင်ဟာ ဗစ်ရှနူး(vishnu) လို့ခေါ်တဲ့ ဗိဿနိုးနတ်မင်းကြီးနဲ့ လက်ချေမီးနတ်သမီးတို့ကိုပူဇော်တဲ့ ၊ မြင့်မြတ်တဲ့ပန်းပင်အဖြစ် အသိများပါတယ်။ ပင်စိမ်းပင်ကို ပူဇော်ခဲ့ရင် ချမ်းသာကြွယ်ဝတာ၊ကျန်းမာတာ၊ ပျော်ရွှင်တာ၊ အခြွေအရံပေါများတာ……စတဲ့ အကောင်း လောကဓံနဲ့ ကြုံရဆုံရပြီး ဗိဿနိုးနတ်မင်းကြီးရဲ့ စောင်ရှောက်မှုကိုလည်း ခံစားရမယ်လို့ ယုံကြည်ကြပါတယ်။အထူးသဖြင့် ပင်စိမ်းပင်ကို အိမ်ထောင်ရှင် ဟိန္ဒူအမျိုးသမီးများ ပူဇော်ပါတယ်။ဒီလို့ ပူဇော်တဲ့ အတွက် အိမ်ထောင်ရေး သာယာစေတယ်၊ လင်ယောကျာင်္းကျန်းမာပြီး မိမိပေါ် သစ္စာ ရှိစေတယ်၊ ချမ်းသာကြွယ်ဝစေတယ်၊ လိမ္မာတဲ့ သားသမီးတွေ ရစေတယ်လို့ စွဲမှတ်ယုံကြည်ကြပါတယ်။ဒါ့ပြင် ပင်စိမ်းပင်ဟာ သီတာဒေဝီရဲ့ နိမိတ်ပုံဖြစ်တာမို့ ရာမာယဏဇာတ်တော်ကြီးနဲ့ ဆက်နွယ်နေပြန်ပါတယ်။ပင်စိမ်းပင်ကို ခရစ်ယာန် ဘာသာဝင်တွေကလည်း Holy Basil လို့ခေါ်ပြီး အထွတ်အမြတ်ထားကြပါတယ်။ရှေးခေတ် ရောမနဲ့ ဂရိတိုင်းသားတွေကလည်း မြတ်နိုးပသခဲ့ကြကြောင်း မှတ်တမ်းတွေရှိပါတယ်။ပင်စိမ်းပင်ဟာ ယေရှုခရစ်တော်ရဲ့ ဂူပေါ်မှာပေါက်ရောက်တဲ့ အတွက် မြင့်မြတ်တဲ့ အပင်လို့ သတ်မှတ်ကြပါတယ်။ စိန့်ဘေးဆဲလ်နေ့ (Saint Basil Day)မှာပင်စိမ်းကိုင်းကလေးတွေကိုယ်စီကိုင်ဆောင်ပြီး ဘုရားရှိခိုးကျောင်းကို သွားကြပါတယ်။
ဘုရားကျောင်းက အပြန်မှာ ပင်စိမ်းကိုင်းကလေးကိုပြန်ယူလာခဲ့ကြပါတယ်။ ပင်စိမ်းရွက် တချို့ကို ခြွေပြီး မိမိတို့အိမ် ကြမ်းပြင်ပေါ်ဖြန့်ကြဲကြပါတယ်။ ဒီလိုလုပ်ရင် ဘေးရန်တွေကို ကာကွယ်နိုင်ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံစေတယ်လို့ယုံကြည်ကြပါတယ်။ပင်စိမ်းပင်ဟာ ဘာသာရေးအရ အထွတ်အမြတ်ထားရတဲ့ အပင်ဖြစ်သလို ကျန်းမာရေး အတွက်လည်း အထူးအားကိုရတဲ့ ဆေးပင်ဖြစ်နေပါတယ်။ အိန္ဒယနိုင်ငံ က ပဒုမုတ္တရပူရာတာဆိုတဲ့  ကျမ်းကြီးမှာ မိမိတို့  အိမ်၊ ခြံဝင်းအတွင်း
ပင်စိမ်းပင်စိုက်ပျိုးထားဖို့ လမ်းညွန်ထား ပါတယ်။ အဲဒီလိုစိုက်ထားရင် မြေသန့်ပြီးသားဖြစ်သွားတဲ့ အတွက် အန္တရာယ်အပေါင်း ကပ်ရောဂါတွေ မကျရောက်၊ မကပ်ငြိနိုင်ဘူးလို့ဆိုထားပါတယ်။ ပင်စိမ်းရဲ့ ရနံ့ဟာ လေကို သန့်ပြန့်စေတယ်လို့လည်း သိရပါတယ်။၁၉၀၄ ခုနှစ်က အိန္ဒယနိုင်ငံမှာ ဝိတိုရိယဥယျာဉ်ကြီးနဲ့ အဲလ်ဘတ် တိရစ္ဆာန်ရုံကို စတင်ထူထောင်ခဲ့ပါတယ်။ အဲဒီတုန်းက အဲဒီနေရာဟာ ရေမြေကလည်း ကြမ်းလှတာမို့ အလုပ်သမားတွေ အဖျားအနာ များလှပါတယ်။ အထူးသဖြင့် ငှက်ဖျားရောဂါဖြစ်ပြီး အပျက်အစီးလည်းများလှပါတယ်။ ဒီအခါ ဟိန္ဒူအလုပ်သမား တစ်ဦးက ပင်စိမ်းပင်တွေစိုက်သင့်ကြောင်း အင်္ဂလိပ်အာဏာပိုင်တွေကို အကြံပြုပါတယ်။ အာဏာာပိုင်တွေက သဘောတူပြီး အဲဒီ ဥယျာဉ်ကြီိးထဲမှာ ပင်စိမ်းပင်စိုက်ခင်းတွေကို ဟိုနေရာ တစ်ကွက်၊ ဒီနေရာတစ်ကွက် စိုက်စေပါတယ်။ ထူးထူးခြားခြားပဲ  ငှက်ဖျားရောဂါကင်းစင်သွားပါတယ်။ ၁၉၀၇ ခုနှစ်က ကျင်းပ ခဲ့တဲ့  Imperial Malaria Conference မှာ ပင်စိမ်းပင်ကိုငှက်ဖျားရောဂါ ပျောက်စေတဲ့ ဆေးပင် အဖြစ် ကြေညာခဲ့ပါတယ်။ပင်စိမ်းပင်မှာလည်း အမျိုးအများကြီးရှိပါတယ်။ ပင်စိမ်းကြီး၊ ပင်စိမ်းငယ်၊ ပင်စိမ်းရိုင်း၊ပင်စိမ်းယဉ်၊တောပင်စိမ်း၊ ပင်စိမ်းဖြူ၊ ပင်စိမ်းညို၊ ပင်စိမ်းနက်၊ ရွက်ကြီးပင်စိမ်း ….စတာတွေ အမျိုးမျိုးပါပဲ။ရိုးရိုးပင်စိမ်းကိုပဲ အသုံးများပါတယ်။ သူရဲ့ ရုက္ခဗေဒ အမည်ကတော့ Ocimum Sanctum ဖြစ်ပါတယ်။ဆေးတစ်ပင်လုံး (ပဉ္စငါးပါး) ဆေးဖက်ဝင်ပါတယ်။မြန်မာဆေးကျမ်း တစ်စောင်ဖြစ်တဲ့ ရသဓာတုဆေးကျမ်းမှာ   မုချမတိမ်း၊ရွက်ပင်စိမ်းကား၊ မငြိမ်းထပ်တူ၊ပူသည်သဘော၊ သက်သောအခိုး၊ သို့အကျိုးကြောင့်၊ စားမျိုးအစာ၊ ကြေစေရာ၏။ မှန်စွာလည်းကောင်း၊ဝမ်းမီးကောင်းမှ၊ မုခ ခံတွင်း၊ မြိန်ခြင်းရသာ၊ အသံသာလျက်၊ထွက်သက်ကြူးလွန်၊ ထန်သောအနာ၊ ရသာပျက်ကင်း၊ ထမင်းညီးပေ၊ ငြိမ်းစေရရှင့်၊ သေမှ ဝါတာ၊ထိုးကြိတ်စွာသား၊ အနာကင်းလွတ်၊ မှတ်၏ မှတ်လော့   … လို့ ဆေးအကျိုးသွားတွေ ရေးသားထားတာ တွေ့ရပါတယ်။ပင်စိမ်းပင်ကို ကမ္ဘာနဲ့ တစ်ဝန်း အများဆုံး အသုံးပြုတာကတော့ အစာအိမ်နဲ့ အူလမ်းကြောင်းရောဂါတွေ အတွက် ပဲဖြစ်ပါတယ်။ ပင်စိမ်းပင်ဟာ အစာအိမ်ရောဂါတွေကို ပျောက်စေပါတယ်။ အစာလည်းကြေစေပါတယ်။ သည်းခြေကိုလည်း ထက်မြက်စေတာမို့ အဆိဓာတ်တွေကြေကျက်ရာမှာအကျိုးပြုပါတယ်။ အူတွင်းနေ ကပ်ပါးပိုးတွေ၊ သန်ကောင်တွေကိုလည်း ရှင်းလင်းစေပါတယ်။ အဖျားဝေဒနာဖြစ်ရင်လည်း ကိုယ်ပူကျပြီး အခိုးရစေပါတယ်။ ဒါပြင် ခရုသင်းရောဂါ၊ ပန်းနာရင်ကျပ်နဲ့ ချောင်းဆိုးရောဂါတွေလည်း ပျောက်စေပါတယ်။ပင်စိမ်းကို ခါးနာ၊ ခါးရိုးကျီးပေါင်းတက်၊ နားပြည်ယိုရောဂါတွေ အတွက်လည်း အုံဆေး၊ ထည့်ဆေး၊ အဖြစ် သုံးနိုင်ပြန်ပါတယ်။ပင်စိမ်းရွက်တွေကို ရေသန့်သန့် နဲ့ ရောနယ်ထုထောင်းပြီး အမြစ်မထွက်နိုင်တဲ့ အနာလုံးကြီဒတွေ၊အကျိတ်တွေပေါ်မှာ အုံပေးရင် အရောင်လျော့ပြီး အမြစ်လည်း အမြန်ကျွတ်ထွက်ပါတယ်။အသားနုတက်ပြီး အနာကျက်လည်းမြန်ပါတယ်။ အရေပြားမှာ ဖြစ်တတ်တဲ့ မိတ်ပေါက်၊ယားနာထ၊ပွေးပေါက်၊ဝဲခြောက်ပေါက် စတာတွေ ဖြစ်ရင် ပင်စိမ်းကို သောက်လည်းသောက်၊ ပင်စိမ်းရွက်ကညှစ်ယူလို့ရတဲ့ သတ္တုရည်ကို သံပရာရည်နဲ့ ရောပြီး လိမ်းပေးရင် အမြန်ပျောက်ကင်းစေပါတယ်။အိန္ဒိယနိုင်ငံမှာ ဆူရှားမား (Sushama) ဆိုတဲ့ ဆေးတစ်မျိုးရှိပါတယ်။ အဲဒီဆေးက လိမ်းဆေး၊သောက်ဆေးနှစ်မျိုးလုံးပါပြီး နှင်းခူရောဂါအတွက် သီးသန့် ဖော်စပ်ထားတာပါ။ အဲဒီဆေးရဲ့ အဓိက ဆေးမည်က ပင်စိမ်းပင်ပါ။ နှင်းခူဝေဒနာရှင်တွေကို အဲဒီဆေးနဲ့ သိပ္ပံနည်းကျ ပေးကျွေးကုသ၊ သုတေသနလုပ်ကြည့်ရာမှာ ကိုးဆယ်ရာခိုင်နှုန်း ပျောက်ကင်းချမ်းသာ ကြောင်းတွေရပါသည်။နောက်စမ်းသပ်မှု တစ်ခုကတော့ အိန္ဒိယနိုင်ငံ၊ မဟာရပ်စစ်ပြည်နယ်၊ ဘန်ဒိုရဝါလ အနာကြီးရောဂါဆေးရုံ ( Bandorawala Leprosy Hospital ) မှာ ပြုလုပ်တာ ဖြစ်ပါတယ်။ပင်စိမ်းကို စားဆေး၊ လိမ်းဆေး တွေ အဖြစ် စီမံပြီး အနာကြီးရောဂါနှစ်မျိုးဖြစ်တဲ့ အစိုမျိုးကိုရော၊အခြောက်မျိုးကိုပါ ပေးကျွေးကုသ စမ်းသပ်ပါတယ်။ လူနာတွေကို ရက်၁၅၀ ကြာအောင် ပေးကျွေး ကုသပြီး နည်းစနစ် တကျ တွက်ချက်ကြည့်တဲ့ အခါ သိသိသာသာ သက်သာတာ တွေ့ရပါတယ်။သိပ္ပံဝေါဟာရ အနေနဲ့  Statistically significant ဖြစ်တယ်လို့ ဆိုပါတယ်။ပင်စိမ်းကို အခြောက်မှုန့်ပြုပြီး ရှုဆေးအဖြစ် စီမံ၊ ရှုကြည့်စေတဲ့ အခါ ထိပ်ကပ်နာ အပြင် Ozoena လို့ခေါ်တဲ့ နှာခေါင်း အတွင်းမြှေးခြောက်ပြီး ရှုံ့သွားတဲ့ ရောဂါပါ ပျောက်ကင်းစေတာ တွေ့ရပါတယ်။ပင်စိမ်းကို ပျားရည်နဲ့ ဖျော်ရည်အဖြစ် စီမံပြီး သောက်စေတဲ့ အခါ မျက်နှာ အသားအရေ နူးညံ့ချော မွတ်တယ်။ အိန္ဒိယ၊နီပေါ၊ သီရိလင်္ကာနဲ့ ပါကစ္စတန်နိုင်ငံတွေက ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ၊မော်ဒယ်တွေ ယုံယုံကြည်ကြည်နဲ့ အမြဲစွဲပြီး သုံးဆောင်ကြတယ်လို့လည်း ဆိုပါတယ်။ အဲဒီ ဖျော်ရည်ဟာတုပ်ကွေးရာသီမှာ တုပ်ကွေးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါပြင် ငှက်ဖျားမဖြစ်အောင်၊ ကာလဝမ်းရောဂါမဖြစ်အောင် ကာကွယ်ပေးတာလည်း တွေ့ရပါတယ်။ ဒါကြောင့် ငှက်ဖျားတောထဲမှာ တာဝန်ထမ်းဆောင်နေရသူတွေ၊ ဝမ်းရောဂါဖြစ်ပွားနေတဲ့အရပ်မှာ ရောက်နေတဲ့သူတွေဟာ ပင်စိမ်းရွက် ငါးပဲသားကိုပျားရည်နဲ့ ဖျော်ရည်လုပ်ပြီး နေ့စဉ် မှန်မှန် သောက်ပေးရင် အဲဒီရောဂါတွေဘေးက ကာကွယ်ပြီးသားဖြစ်ပါတယ်။နားကိုက်တဲ့ အခါ ပင်စိမ်းရွက် လတ်လတ်ဆတ်ဆတ်ကို မီးအုံးပြီး နားထဲကို အရည်ညှစ်ထည့်ပေးရင်ပျောက်ကင်း စေပါတယ်။ကလေးသူငယ်တွေ လေထိုးလေအောင့်ဖြစ်တဲ့ အခါ၊ သန်ထပြီး ဗိုက်နာတဲ့ အခါ ပင်စိမ်းရွက်ရည်နဲ့ချင်းစိမ်းရည် ရောစပ်ပြီး သကြားလေး နည်းနည်းစပ်လို့ တိုက်ပေးရပါတယ်။ ပင်စိမ်းရွက် သတ္တုရည်ဟာအူတွင်းကပ်းတွေဖြစ်တဲ့  သန်ကောင်၊ တုတ်ကောင်တွေကို လည်း  သေစေပါတယ်။ချောင်းခြောက်ဆိုးတာ၊ အဆုတ်လေပြွန်ရောင်တာ တွေဖြစ်ရင် ပင်စိမ်းရွက် သတ္တုရည်၊ ချင်းစိမ်းသတ္တုရည်၊ ကြက်သွန်နီသတ္တုရည်……. စတဲ့ အရည် သုံးမျိုးစပ်ပြီး သောက်ပေးရပါတယ်။ သတ္တုရည်ဆိုတာ ပင်စိမ်းရွက်ကို ညှစ်ယူလို့ရတဲ့ အရည် ၊ချင်းစိမ်းကို ထုထောင်းပြီး ညှစ်ယူလို့ ရတဲ့ အရည်၊ ကြက်သွန်နီကို မညက်တညက် ထုထောင်းပြီး ညှစ်ယူလို့ရတဲ့ အရည်တွေကို ခေါ်တာပါ။ အဲဒီ သတ္တုရည် သုံးမျိုးကိုစပ်ပြီး သောက်ပေးရင် သလိပ်ရ၊ရင်ချောင်ပြီး၊ချောင်းဆိုးလည်း အမြန်ပျောက်စေပါတယ်။ 

လည်ချောင်းနာတာ၊ လည်ချောင်းယားတာလည်း ပျောက်စေပါတယ်။


တင်းတိပ်၊မှဲ့ခြောက်၊ခရုသင်း စတဲ့ အရေပြားပေါ်က အစက်အပြောက်တွေ ၊ အကွက်တွေကို ပျောက်တဲ့

ဆေးတစ်မျိုးကို ပင်စိမ်းရွက်နဲ့ စပ်ပြီး ဖော်လို့ရပါတယ်။ ဖော်စပ်နည်းကလည်း လွယ်ပါတယ်။ ကြေးနီဖလား

ကလေးတစ်လုံးကို ယူပါ။ ပြီးရင် ရှောက်ရည်နှစ်ဇွန်းထည့်ပြီး  ညသိပ်ထားပါ။ နောက်နေ့မှာ ပင်စိမ်းရွက်

သတ္တုရည်နှစ်ဇွန်း၊ ကသော့ပုပ်အရွက် သတ္တုရည်နှစ်ဇွန်းထပ်ထည့်ပါ။ အဲဒီဆေးရည်တွေပျစ်လာပြီဆိုတဲ့

အခါ ဖန်ပုလင်း သန့်သန့်ထဲ  ပြောင်းထည့်ပြီးထားပါ။ အဲဒီဆေးကို မျက်နှာ ၊ ခြေ…လက်  စတဲ့နေရာတွေ

မှာ လိုအပ်သလို  လူးပေးရင် တင်းတိပ်၊ မှဲ့ခြောက် စတဲ့ အစက်အပြောက်တွေ၊ ကြွက်နို့တွေတင်မကဘဲ

ခရုသင်းကိုပါ ပျောက်စေနိုင်ပါတယ်။


ဒေါက်တာအောင်နိုင် (ဆေးသုတေသန)

ဖွေဖွေရှာရှာ တိုင်းရင်းဆေးပညာ  စာအုပ်မှ ကောက်နုတ်ထားပါသည်။

သွေးတိုး ရောဂါသည်များ အတွက် ဆေးတလက်

သွေးတိုး ရောဂါသည်များ အတွက် ဆေးတလက်




ဆေးနည်းမှာ---
ရှောက်ဘီလူး ၁၀-လုံး
သံပရာသီး ၂၀-လုံး
သကြား ၁၀-ကျပ်သား
သိန္ဓော ၂-ကျပ်သား
ရှောက်ဘီလူး ပါးပါးလှီး၊ သံပရာသီ ပါးပါးလှီး သကြား သိန္ဓောတို့နှင့် ရောပြီး လေလုံ ပုလင်း သန့်သန့်ထဲ ၇-ရက်ကြာအောင် ထည့်ထားပါ။ ရေကျက်အေး အနည်းငယ် ထည့်ပါ။

အစာစားပြီးတိုင်း မနက် တဇွန်း၊ ညနေ တဇွန်းစီ သောက်ပေးပါ။ ရက်ကြာကြာ ထားလေ ပိုကောင်းလေ ဖြစ်သည်။

သစ္စာရည် (ဝါးခယ်မ)

(နက္ခတ္တ ၂၀၀၇-၄)

ကျောက်ကပ် ကျောက်ချေဖျက်သော ဆေးမြီးတို

ကျောက်ကပ် ကျောက်ချေဖျက်သော ဆေးမြီးတို

ကျောက်ကပ်ထဲတွင် ကျောက်တည်ပြီဆိုလျှင် နာကျင်သော ဝေဒနာအတော်လေး ခံစားရပါသည် ။ ယင်းကျောက်ရှိနေသဖြင့် မကြာခဏဖျားခြင်း၊ ဆီးထဲ သွေးပါခြင်း စသည်များကိုလည်း တွဲဖက်ခံစားရပါသည် ။ ရေများများမသောက်၍ ကျောက်တည်ရခြင်း ဖြစ်သည်။ ထို့ပြင် ကယ်လ်စီယမ်ဓာတ်နည်း၍ ဖြစ်သည်ဟု ဆိုပါသည် ။ ခန္ဓာကိုယ်တွင်း၌ ကယ်လ်စီယမ်ဓာတ် နည်းပါးလာခြင်းကြောင့် ကျောက်ကပ်မှ ကယ်လ်စီယမ် ဓာတ်များကို တတ်နိုင်သလောက် ပြန်၍စုပ်ယူထိန်းသိမ်းပေးရပါသည် ။ ဤသို့ ပြုလုပ်ရသဖြင့် ကယ်လ်စီယမ်မှာ ကျောက်ကပ်နှင့် ဆီးအိမ်တွင် အနည်ထိုင်ပြီး မာကျောသော ကယ်လ်စီယမ်ဆီးကျောက်များ ဖြစ်ရသည်ဟု ဆိုပါသည် ။ ယင်းကျောက်ကပ် ကျောက်တည်ခြင်းးကို ဆေးသိပ္ပံနည်းအရ ခွဲစိတ်၍သော်၎င်း၊ အသံလှိုင်းဖြင့် ချေဖျက်ခြင်း (Lithoscopy) ဖြင့်သော်၎င်း ကုသကြရပါသည် ။ ယင်းကုသနည်းများမှာ အန္တရာယ်လည်းများ၊ ကုန်ကျစရိတ်လည်း အလွန်များပြားလှပါသည် ။ ခွဲစိတ်ရသည့် အန္တရာယ်လည်း ရှိပါသည် ။ အသံလှိုင်းနှင့် ကုသရာမှာလည်း စရိတ်စက ကြီးလှပါသည် ။ သက်သောင့်သက်သာလည်း မရှိလှပါ ။ ထို့ကြောင့် အကုန်အကျသက်သာပြီး သက်သောင့်သက်သာ ရှိမည့် ဆေးမြီးတိုလေးကို သုံးကြည့်ကြပါစို့- ၁။ ဖရဲသီးဖျော်ရည် များများသောက်ပေးပါ ။ တနေ့လျှင် နှစ်လီတာနှုန်းဖြင့် သောက်ပါ ။ ဖရဲသီး အနီဖြစ်စေ၊ အ၀ါဖြစ်စေ၊ ဆေးဖက်ဝင်ပါသည် ။ ဖရဲသီးဖျော်ရည်သည် ကျောက်ကပ်မှ ကျောက်များကို ချေဖျက်နိုင်ပါသည် ။ ၂။ ဆီးကျောက်ကပ်အတွင်း အတွင်းကြွက်သားများ ပျော့ပျောင်းလာစေမည့် ဆေးဖက်ဝင် ဖော်မြူလာ ရှိပါသည် ။ ဆေးဖက်ဆိုင်ရာကျွမ်းကျင်သူ (Pharmacist) များနှင့် တိုင်ပင်၍ ယင်းဖော်မြူလာအတိုင်းသောက်ပါ ။ ဆီးကျောက်တည်ခြင်းကြောင့် နာကျင်ခြင်းများ သက်သာလာပါလိမ့်မည် ။ ၃။ ဆီးများများ သွားစေရန် သုံးသော မလေးရှားနိုင်ငံမှ ဆေးဖက်ဝင်ရိုးရာ ဆေးတမျိုးဖြစ်သည့် မီဆိုင်ကူချင် (Misai Kuching) ကိုသောက်ပါ ။ ကျောက်ကပ်နှင့် ဆီးအိမ်တွင်းရှိ ကျောက်များ ကြေသွားပါလိမ့်မည် ။ မီဆိုင်ကူချင် အရွက်များနှင့် အပွင့်များကို ရေနွေးတွင် လက်ဖက်ခြောက်သဖွယ် ခတ်၍သောက်ပါ ။ ယခုအခါများတွင် မီဆိုင်ကူချင်ကို ဆေးအတောင့်အနေနှင့်လည်း ၀ယ်ယူရရှိနိုင်ပါသည် ။ ရက်သတ္တနှစ်ပတ်အတွင်း ဆီးအိပ်နှင့် ကျောက်ကပ်ထဲမှ ကျောက်များ ကြေ၍ကျလာပါလိမ့်မည်။ (ဖေ့စ်ဘုတ်မှ ကူးယူဖေါ်ပြပေးပါသည်။)


ပါရာစီတမောလ် နဲ့ ပက်ပစီ

ပါရာစီတမောလ် နဲ့ ပက်ပစီ




အားလုံးသိအောင် သတိထားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ ကိုကာကိုလာ ပက်စီ-ကုတ် တွေ အကြောင်းကို လူတိုင်းနှီးပါး သိပြီးကြမယ်လို့ ထင်ပါတယ်။ မသိသေးတဲ့ သူတွေအတွက်ကတော့ သတင်းထူးပါဘဲဗျာ။ ဒီကနေ့ ဂျစ်တူးအကိုရဲ့ သူငယ်ချင်းတစ်ယောက် စင်္ကာပူကိုရောက်လာခဲ့ပါတယ်။ အပျော်ထွက်ဈေးဝယ်လာတာတော့ မဟုတ်ပါဘူး။ သူမရဲ့ ယောက်ျားဆုံးသွားလို့ အပူနဲ့ လာခဲ့ရသူပါ။ လက်ထပ်ထားတာမှ တစ်နှစ်တောင် မပြည့်သေးပါဘူးတဲ့။ သူကကျောင်းဆရာမဆိုတော့ ခွင့်ယူဖို့ အလုပ်ထွက်ဖို့ ဆိုတာ တော်တော်ခက်လို့ ယောက်ျားရှိတဲ့နေရာမှာလည်း မလိုက်လာနိုင်။ ယောက်ျားကလည်း သူမနှင့်အတူ လိုက်မနေနိုင်ဆိုတော့ မယ်တစ်ရွာမောင်တစ်မြို့ အနေဝေးနေကြတာပေါ့။ နောက်နှစ်ဆိုရင်တော့ အတူတူနေလို့ ရပါပြီ။ (ဒီလိုအတွေးကလေးတွေနဲ့ ဆရာမလေး တစ်ယောက် ပျော်နေခဲ့တာပေါ့) ဒါပေမဲ့ အခုတော့ သူမအပျော်တွေ ဘယ်တွေရောက်နေကုန်ပြီ မသိတော့ပါဘူး။ ဆရာမလေးယောက်ျားတစ်ယောက် မြန်မာ နိုင်ငံထုတ် အကြောဖြေဆေးနဲ့ ပက်စီသောက်မိလို့ သေဆုံးသွား ပါတယ်။ မနက်ဖြန်ဆို ရက်လည်နေ့ပါ။ ဒီလိုသတင်းတွေကြားနေရတာ တော်တော်များနေပါပြီ။ ပြီးခဲ့တဲ့ သုံးပတ်လောက်ကလည်း ပါတာစီတစ်မော့နဲ့ ကိုကာကိုလာ သောက်မိလို့ သေသွားတဲ့ မြန်မာအမျိုးသား တစ်ယောက်လည်း ရှိခဲ့ပါတယ်။ သူ့ခေါင်းတွေကိုက်လွန်းလို့ ပါတာစိတစ်မော့ကို သောက်တယ်တဲ့ (ဆေးရက်စွဲ မကုန်သေးပါဘူး) နဲနဲကြာတော့ ရင်တွေပူလွန်းလို့ ဆိုပြီး ကိုကာကိုလာသောက်လိုက်တယ် (သူ့အမျိုးသမီး ကိုယ်တိုင် ရေခဲသတ္တာထဲက ယူပေးလိုက်တာပါ)။ ခဏနေတော့ ပါးစပ်ထဲက အမြုတ်တွေထပြီး မူးလဲသွားလို့ ဆေးရုံကို ပို့လိုက်ရပါတယ်။ အဲဒီဆေးရုံသွားတဲ့လမ်းမှာဘဲ အသက်ဆုံးသွားခဲ့ ပါတယ်။ အရင်ဆုံး ကြားရတဲ့သတင်းကတော့ ဂျစ်တူးတို့ သူငယ်ချင်း အရင်းခေါက်ခေါက် ကိုယ်တိုင်ပါဘဲ။ ကုန်လွန်ခဲ့တဲ့ သုံးလလောက်ကဖြစ်ခဲ့တာပါ။ မြန်မာနိုင်ငံထုတ်ဆေးကို သောက်ပြီး တော်တော်ကလေးကြာမှ ပက်စီကို သောက်လိုက်တာ တခါတည်း အသက်ပါ ပါသွားလိုက်တာပါ။ ကြားခါစမ ယုံမကြည်ဖြစ်မိပါတယ်။ ဒီလောက်သန်သန်မာမာ ကျန်းမာရေး အထူးဂရုစိုက်တဲ့သူတစ်ယောက် သေတယ်ဆိုတော့ ဘယ်လိုမှ မယုံကြည်မိပါဘူး။ တကယ်တန်း မီးခိုးငွေ့တွေအဖြစ် ကြုံရတော့ မယုံကြည်လို့ မရတော့ပါဘူး။ နီးစပ်ရာသက်ဆိုင်ရာသူငယ်ချင်းအပေါင်းအသင်းများကို စကားတိုးတိုး ပြောပေးပါ။ အထက်ပါ အကြောင်းအရာတွေကိုပါ။ မဖြစ်အောင်တားလို့ ရပါတယ်။ တစ်ယောက်ကြည့်လို့ တစ်ယောက်သိရင် တစ်ယောက်အသက်ကို ကယ်တင်ရာရောက်ပါတယ်။ ဘလော့တွေ အားလုံးကဖြစ်ဖြစ် - ပြန်ပွားအောင် သိသူများအောင် ဖေါ်ထုတ်ပေးကြပါ။ လူအသက်တစ်ချောင်း ကယ်ကောင်းပါတယ်ဗျာ။ တစ်ယောက်အားနဲ့ မရပါဘူး။ အများသိဖို့ အများမှာ တာဝန်ရှိပါတယ်။ သင်သိတာကလေးကို မျှဝေသိစေခြင်းဖြင့် ကုသိုလ်ယူကြပါ။ (ပုဂံအွန်လိုင်းမီဒီယာ)မှ ကူးယူတင်ပြပေးလိုက်ပါသည်။ 

သွေးကင်ဆာရောဂါ ကုသပျောက်ကင်းကြောင်း သတင်းကောင်လေးပါ

သွေးကင်ဆာရောဂါ ကုသပျောက်ကင်းကြောင်း သတင်းကောင်လေးပါ

မြန်မာပြည်တွင် သွေးကင်ဆာရောဂါကို(၁၀)ရက်အတွင်းပပျောက်သွားအောင်ကုသပေးနိင် မြန်မာပြည့်ရဲ့ကျက်သရေအရှိဆုံးသတင်းလေးတစ်ခုကိုပြောပြချင်ပါတယ် ..အဲ့ဒါကတော့သွေးကင်ဆာရောဂါကို(၁၀)ရက်အတွင်းပပျောက်သွားအောင်ကုသပေးနိင်ခဲ့တဲ့ ဆရာမလေးနှစ်ယောက်ရဲ့လိပ်စာကိုပြောပြချင်ပါတယ်♣♣ဆရာဝန်မလေးနှစ်ယောက်ရဲ့ပြောပြချက်အရ ဒီရောဂါကိုကုသနိင်အောင်ကိုရီးယားနိင်ငံတောတောင်ထဲမှာရရှိထားတဲ့တိုင်းရင်းဆေးနဲ့ကုသနိင်ခဲ့တာ ဖြစ်ပါတယ်၊အခုကုသပေးတဲ့ဆရာဝန်မလေးနှစ်ဦးကတော့ ဆင်းရဲရှာပါတယ်ဒါပေမဲ့သူတို့ရဲ့ကြိုးစားမှုက..ယနေ့ကမ္ဘာပေါ်မှာဘယ်သူမှမကုသနိင်သေးတဲ့ပညာရပ်တစ်ခုပါ. ..သွေးကင်ဆာရောဂါကိုသွေးလုံးဝသွင်းစရာမလိုပဲဆေးကုသချိန်..၁၀ရက်အတွင်းပပျောက်အောင် ကုသပေးနေပြီးဖြစ်ကြောင်းနှင့်ဆရာမလေးနှစ်ဦးရဲ့မေတ္တာဖြင့်သာကုသပေးနိင်ကြောင်းကို အသိပေးအပ်ပါသည်ခင်ဗျာ..စုံစမ်းရန်လိပ်စာကတော့..09421102672(ဆရာမဒေါ်လှလှဝင်း). .ဆရာမဓေထားထားမေ(မြန်မာနိင်ငံရေကြောင်းတက္ကသိုလ်ဒေး(သန်လျှင်မြို့ကျိုက်ခေါက်ဘုရား ရဲ့နောက်လမ်းရေကြောင်းလမ်းဆုံ)လူမျိုးဘာသာမရွေးကုသပေးနေပြီဖြစ်ကြောင်းကြော်ငြာအပ်ပါသည်. .ဒီသတင်းလေးကိုဖြန့်ဝေပေးကြပါသူငယ်ချင်းများခင်ဗျာ..ရန်ကုန်မြို့(သန်လျှင်)မြန်မာနိင်ငံရေးကြောင်း တက္ကသိုလ်အနီး..အာမခံဖြင့်ကုသပေးနိင်ပြီးဖြစ်ကြောင်း. http://www.facebook.com/photo.php?fbid=270415806392147&set=a.108208089279587.9371.100002711896074&type=1&theater ထိုနေရာမှမျှဝေပါသည်။

နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်

နံနံပင်နဲ့ ကျောက်ကပ်ရောဂါကုသနိုင်၊ ကာကွယ်နိုင်




နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါက အိန္ဒိယ ကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေးနည်း ဖြစ်ပြီး နိုင်ငံ တကာ ဆေးပညာရှင် များပါ လက်ခံ အသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ကျောက်ကပ်က ခန္ဓာကိုယ်တွင်း/ သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ် ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေး ပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေက အစ မှာ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေး ပါတယ်။ လူ စဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ် လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။ ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွား မှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစား အသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေ ကို မဖြစ်အောင် ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်း များစွာ ပေါ် လာပါတယ်။ ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေး လည်း ဈေးကြီး ပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေ ပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်တက် ပိုမကုန်ပါဘူး။ အပေါ်ပုံက ပြထားတဲ့အတိုင်း နံနံ သို့တည်းမဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နှုတ်နှုတ်ဆင်းပြီး ပုံမှာ ပြထားတဲ့ ရေတစ် ခွက် စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါ တယ်။ ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေ နဲ့ နေ့ စဉ် သောက်သုံးသင့်ပြီး ကာကွယ်လို သူများအတွက် တစ်ပတ် တစ်ကြိမ် သို့တည်းမဟုတ် ၁၀ ရက် တစ်ကြိမ် လောက် ပုံမှန် စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေ မယ့်လို့ ဆိုထားပါတယ်။ အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊မြစ်ဥ ကိုပါ ထည့်ပြုရပါတယ်။ သို့ပေမယ့် နိုင်ငံတကာမှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။ နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့ အတွက် ဈေးသက်သက်သာသာနဲ့ ကျောက်ကပ် ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေလိုက်ရပါတယ်။

ပိန်ချင်သူများအတွက်ဘေးကင်တဲ့အဆီချနည်း

ပိန်ချင်သူများအတွက်ဘေးကင်တဲ့အဆီချနည်း




ဒီနည်းကတော့ ရိုးရိုးရှင်းရှင်းလေးပါ စွန်တန်ဟင်းရည်လုပ်တဲ့အခါမှာ သုံးတဲ့ ချည်စော်ကားသီး အခြောက်ကို ရေနွေးနဲ့စိမ်ပြီး မနက်တိုင်းသောက်သုံးပေးရမှာပါ...အရမ်းချဉ်လွန်းရင်တော့ သကြားထည့်ပြီးသုံးဆောင်နိုင်ပါ...တယ်...မြန်မြန်ကျချင်ရင်တော့ တစ်နေ့ကို (၃)ခွက်သောက်နိုင်တယ်...အစားရှောင်စရာမလိုပါဘူး... ဟင်းရည်တောင်လုပ်တဲ့အရာဆိုတော့ ဘေးထွက်ဆိုးကျိုးလုံးဝမရှိပါဘူး... Admin ရဲ့ အဒေါ်တောင် သောက်တာနှစ်ပတ်အတွင်း (၅)ပေါင်ကျသွားပါတယ်... 

ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း

ဆေးမသောက်ပဲ ဆီးချိုရောဂါပျောက်စေနည်း




ဆေးမသောက်ပဲ ပျောက်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ သို့ပေမယ့် ဒီ သဘာဝ နည်းလမ်းက ဆီးချိုရောဂါ ရှိသူများအတွက် အလွယ်ကူဆုံးနဲ့ အကောင်းဆုံးထဲက ကုထုံးနည်း တစ်ခု ဖြစ်ပါတယ်။ ဆီးချိုတင်မက သွေးချိုလည်း ပျောက် ပါတယ်။ ဆေးသာက်နေရာ သူများလည်း အသုံးပြုလို့ ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရုံးပတီသီး လိုအပ် ပါတယ်။ ရုံးပတီသီး (Lady Finger-၂ လုံး /၂တောင့်) ကိုထိပ်နှစ်ဖက် ဖြတ်၊ အလယ်မှာ ဓားနဲ့အပေါက်/အဆင်း ဖောက်ပေးပြီး ရေဖြည့်ထားတဲ့ ဖန်ခွက်ကြီးထဲကို ညအိပ်ယာဝင်ခါနီးမှာ ရောစိမ်ထားရပါမယ်။ ဖုံးအုပ်ထား လို့လည်း လိုပါတယ်။ အိပ်ယာထလို့ မနက်စာ စားခါနီးမှာတော့ စိမ်ထားတဲ့ ရုံးပတီသီးကို ဖယ်လို့ သောက်နိုင်ပါပြီ။ ဒီမှာရုံးပတီသီးကိုပိုးမွားကင်းဆင်အောင် သေချာဆေးကျောဖို့ လိုပြီး ရေသန့်နဲ့ စိမ်ရမှာ ဖြစ်ပါတယ်။ နှစ်ပတ်ကြာတဲ့အခါ သွေးထဲ သကြားဓာတ်ကို စစ်ဆေးကြည့်တော့ သိသိသာသာပဲသကြား (ဂလူး ကိုစ့်ဓာတ်) နည်းသွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ လနဲ့ စွဲသောက်ရင် သိသိသာသာ ကျဆင်း ပါတယ်။ ဆီးချိုဟာ နာတာရှည်လိုပဲ ဒုက္ခပေးနေ တတ်ရင် ဒီ ရုံးပတီသီး စိမ်တဲ့ရေကို မနက်တိုင်း ပုံမှန်သောက်ခြင်းဖြင့် ဆီးချိုရောဂါကို သက်သာ ပျောက်ကင်းစေတယ်လို့ သိရပါတယ်။ (note copy fr'Healthcare) post by နှင်းဆီဖူးလေးများ-Love BUDS

ကင်ဆာအတွက် အထောက်အကူ သင်္ဘောရွက်


ကင်ဆာအတွက် အထောက်အကူ သင်္ဘောရွက်




ကင်ဆာရောဂါနှင့် အစွမ်းထက် သင်္ဘောရွက် အချို့သည်လည်း သိပြီးသား၊ ဖတ်ပြီးသားများ ဖြစ်ကောင်း ဖြစ်ကြ ပါလိမ့်မည်။ ကိုယ်ကိုယ်တိုင် မခံစား ရသော်လည်း ခံစား နေရသော မိမိ ပတ်ဝန်းကျင်ကို မျှဝေ ပေးခြင်းဖြင့် ကုသိုလ် ယူကြပါစို့... ဤဆောင်းပါး သည်လည်း ဟိုမှနည်းနည်း ဒီမှနည်းနည်း စုစည်း ထားခြင်းသာ ဖြစ်ပါသည်။ ငွေကုန် ကြေးကျ အလွန်များပြီး ၀မ်းနည်းစရာ အတိပြီး နေသော ကင်ဆာ ရောဂါ ဝေဒနာရှင်များ အတွက် အတိုင်းအတာ တစ်ခုအထိ အကျိုးပြုနိုင် လိမ့်မည်ဟု ထင်မြင်ကာ ပြန်လည် ရေးသား ကုသိုလ်ပြု တင်ပြ အပ်ပါသည်။ သင်္ဘောသီးသည် မြန်မာ လူမျိုးများ အတွက် လွန်စွာ ရင်းနှီးသော အစားအစာ တစ်မျိုး ဖြစ်သည်။ သို့ရာတွင် သင်္ဘောရွက်၏ အစွမ်းကိုမူ လူသိ နည်းလှသည်။ အမှန် တကယ်တွင်တော့ သင်္ဘောရွက်သည် သဘာဝ ဆေးစွမ်း ထက်လှသော အရွက် တစ်မျိုးပင် ဖြစ်လေသည်။ အမေရိကန်၌ သုသေသန လုပ်ရာတွင် သိပ္ပံဆိုင်ရာ အထောက်အထား များစွာ ရရှိခဲ့သည်။ ယခုအခါ ဖလော်ရီဒါ တက္ကသိုလ်မှ သုတေသန ပညာရှင်နမ်ဒန်း (Dr. Nam Dang) နှင့် ဂျပန်မှ သူ၏ လုပ်ဖော် ကိုင်ဖက်များက သင်္ဘောရွက်သည် မိန်းမ ကိုယ်ကင်ဆာ၊ ရင်သား ကင်ဆာ၊ အသည်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် ပန်ကရိယ ကင်ဆာဆဲလ် များကို သတ်နိုင်ကြောင်း Ethnopharmacology ဂျာနယ်တွင် ဖော်ပြခဲ့သည်။ သူတို့အဖွဲ့သည် သင်္ဘောရွက် ခြောက်များကို အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ရာတွင် သင်္ဘော ရွက်ခြောက်ကို လက်ဖက်ရည် ကဲ့သို့ အသုံးပြုခြင်းဖြင့် ကင်ဆာဆဲလ် များကို သေစေ နိုင်ကြောင်း တွေ့ရှိခဲ့ကြသည်။ သင်္ဘောရွက်မှ စုပ်ယူထားသော အရာများသည် ကိုယ်ခံအား စနစ်ကို ထိန်းညှိရာတွင် အကူအညီပေးသည့် Th1-type cytokins များ ထုတ်လုပ်ခြင်းကို မြှင့် တင် ပေးနိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ကင်ဆာ ဆဲလ်များကို တိုက်ဖျက်ရာ၌ ကိုယ်ခံအား စနစ်ကို အသုံးပြုသည့် ကုသချက်တွင် သင်္ဘောရွက် များကို အသုံးပြု လာနိုင်တော့ မည်ဟု ဆို၏။ ကမ္ဘာ့နေရာ အနှံ့အပြားတွင် သင်္ဘောရွက်ကို ဆေးဖက်ဝင်သော အရာတစ်ခု အဖြစ် အသုံးပြု နေကြပြီး အထူးသဖြင့် အာရှတိုက်တွင် အသုံး များသည်ဟု ဆို၏။ သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများသည် ပုံမှန်ဆဲလ်များ အပေါ် ဘေးဥပါဒ် ဖြစ်စေမှု လုံးဝ မရှိသောကြောင့် လက်ရှိ အသုံးပြုနေသော ကင်ဆာ ဆေးဝါးများစွာ တို့တွင် ဖြစ်လေ့ရှိသည့် ဘေးထွက် ဆိုးကျိုး များစွာတို့ကို ရှောင်ရှား နိုင်လိမ့်မည် ဟုဆို၏။ သုတေသန ပညာရှင် များသည် ကင်ဆာဆဲလ် ၁၀ မျိုးကို မွေးမြူပြီး သင်္ဘောရွက်မှ ထုတ်ယူထားသော အရာများနှင့် ၂၄ နာရီကြာ ထိတွေ့ စေခဲ့သည်။ ကင်ဆာဆဲလ် ၁၀ မျိုးစလုံးတွင် သင်္ဘောရွက်ကြောင့် ကြီးထွားမှု အလွန် နှေးကွေး သွားကြောင်း တွေ့ရှိ ခဲ့ရသည်။ ဒေါက်တာဒန်းနှင့် အဖွဲ့သည် သင်္ဘောရွက်မှ နေ၍ ဓာတ်ပစ္စည်းများ ထုတ်ယူခြင်း လုပ်ငန်းစဉ် အတွက် တိုကျို တက္ကသိုလ် မှတစ်ဆင့် မူပိုင်ခွင့် လျှောက်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရသည်။ သင်္ဘောရိုး တံတွင် Acetogenin ဓာတုပစ္စည်း ပါဝင်ရာ ၎င်းသည် ဆဲလ်အတွင်းရှိ ATP ထုတ်လုပ်မူ များကို မျှတ စေပါသည်။ ကင်ဆာဆဲလ် များဖြင့် သွေးကြော များရှင်သန်မှုကို Acetogenin က ဖျက်ဆီး ပြစ်ပါသည်။ သင်္ဘောရွက် သတ္တုရည်တွင် Acetogenin အပါအ၀င် ဓာတုပစ္စည်း ၁၀၀ ပါဝင်သည်။ ၎င်းတို့သည် ခန္ဓာကိုယ် ဆဲလ်များကို ဓာတ်ကျဆင်းမှုတွင် ပံ့ပိုး ကူညီပါသည်။ ၁၉၇၆-ခု၊ ဒေါက်တာ မက်လလင်း (ပါကျူး တက္ကသိုလ် ပါမောက္ခ) သည် အမျိုးသား ကင်ဆာသိပ္ပံမှ မေတ္တာ ရပ်ခံချက်ကြောင့် ထိုဆေးပင်၏ ကင်ဆာ ထိရောက်မှုကို စမ်းသပ် ခဲ့သည်။ အပင် ၃၅၀၀ စမ်းသပ်ခဲ့ပြီး အစွမ်းထက် ပစ္စည်း ၅၀-တွေ့ရှိ ခဲ့သည်။ ၎င်းအနက် Acetogenin သည် အလွန် အစွမ်းထက်ပြီး သန်ကောင်များ ၊ ဗိုင်းရပ်စ်များ၊ မှိုများနှင့် ကင်ဆာဆဲလ် တို့ကို တိုက်ဖျက် ပါသည်။ ထို့ပြင် လူနာအား ဆေးကြောင့် ဒုက္ခ မဖြစ် စေခဲ့ပါ။ တုပ်ကွေးရောဂါနှင့် ပတ်သက်၍ အမေရိကန် ကျောင်းသား တစ်ဦးမှ သိရှိရသည်မှာ ၎င်း၏ သွေးသွင်းမူသည် ၁၅-လီတာရှိပြီး အင်အား ချည့်နဲ့ နေပါသည်။ ဖခင်ဖြစ်သူသည် စိတ်ပူပြီး ဆေးမြီးတိုကို လိုက်ရှာရာ သင်္ဘောရွက် အရည်ကို သာလျှင် မှီဝဲကြောင်း၊ ၎င်းသွေးသွင်းမူကို ၂၀ လီတာတွင် သွေးဥငယ် အရေတွက် ၄၅.၅ ရှိကြောင်း၊ သို့သော် သင်္ဘောရွက် ဆေးကို မှီဝဲ ပြီးနောက် သွေးအဆင့် ၁၃၅-အထိ မြင့်တက်သွား ကြောင်း ၊ ဆရာဝန်တို့ တောင်မှ အံ့အား သင့်ပြီး ကလေးကို ဆေးရုံမှ ဆင်းစေသည်။ ထိုသတင်းသည် တစ်မြို့လုံး ပျံ့နှံ့ သွားပါသည်။ ၎င်းတို့၏ ဆေးမြီးတို အရ သင်္ဘောရွက် နှစ်ရွက်ကို ဆေးကြော ထုထောင်း စစ်ချရမည်။ ထိုအခါ အရွက်တစ်ရွက်လျှင် စားပွဲဇွန်း ၁-ရမည်။ တစ်နေ့လျှင် ၂-ဇွန်းမှီဝဲပါ။ ပြုတ်ခြင်း၊ အပူပေးခြင်း မပြုလုပ်ပါနှင့်။ ဆေးအာနိသင်ပြယ်တတ်သည်။ အရွက်ဖွားဖွားကို ရွေးပါ။ အလွန် ခါးသဖြင့် နှာခေါင်းပိတ်ပြီး မျိုရမည်။ (ဆေးမြီးတို) သင်္ဘောရွက် အလတ်စား တို့ကို ဆေးကြောပြီး ဂေါ်ဖီကဲ့သို့ တောက်တောက် စဉ်းကာ ဒယ်အိုးထဲတွင် ရေနှစ် လီတာဖြင့် ပြုတ်ပါ။ အဖုံး ဖွင့်ပါ။ ၄-ခွက် ၂-ခွက်တင် ပြုတ်ပါ။ ထို့နောက်စစ်ပြီး ဖန်ပုလင်းထဲတွင် ထည့်ထားပါ။ ရေခဲ သေတ္တာထဲတွင် ထည့်လျှင် ၃-၄-ရက် ခံမည်။ အကယ်၍ နောက်ကျသွားပါက စွန့်ပစ်လိုက်ပါ။ စားပွဲဇွန်း သုံးဇွန်း(သို့) ၅၀ မီလီမီတာကို ၁ရက် သုးံကြိမ် တိုက်ပါ။ ဤသင်္ဘောရွက် ကုထုံး ဇာတ်လမ်းသည် အခြား ဆေးဖက်ဝင် ကုထုံးများထက် ပိုမို ဆန်းပြားသည်။ ၄င်းအရွက်ကို သီးဖျော်စက်ထဲ ထည့်မွေကာ သောက်ခြင်း သည်လည်း လွယ်ကူလျှင် မြန်သော ပြီးထိ ရောက်သော ဆေးမြီးတို တစ်ရပ် ဖြစ်ပါကြောင်း...... သတင်းကောင်း ပါးအပ်ပါသည်။ လူသား အားလုံး ကင်ဆာ ရောဂါဆိုးကြီး ဖြစ်ခြင်းမှ ကင်းဝေး ကြပါစေ...။ Kyaw Nyein Thant Written by အာယု မြ၀တီ အေးချမ်းမွန်မှ အဖြူရောင်မီဒီယာ Facebook တွင်ရေးသားသည့် သတင်းအချက် အလက်ကို မူရင်းအတိုင်း မျဝေပေးခြင်းဖြစ်ပါသည်။